သင်ကြားပို့ချသူများ

ဒေါက်တာသန်းမြင့် (ကော်မရှင်အဖွဲ့ဝင်)
ဒေါက်တာသန်းမြင့် (ကော်မရှင်အဖွဲ့ဝင်)

ဒေါက်တာသန်းမြင့်သည် ဆရာဝန်တစ်ဦးဖြစ်ပြီး ပါမောက္ခ၊ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာနယ်ပယ်နှင့် ပညာရေးနယ်ပယ်နှစ်ခုစလုံးတွင် အတွေ့အကြုံများစွာရှိခဲ့သည်။ မြန်မာ့တပ်မတော် တိုက်ခိုက်ရေးတပ်ဖွဲ့ သင်တန်းကျောင်း (ဗထူးနှင့် ဘုရင့်နောင်) မှ ဦးစီးကျင်းပသော တပ်ရင်းမှူးလေ့ကျင့်ရေးသင်တန်းနှင့် တပ်ခွဲမှူးလေ့ကျင့်ရေးသင်တန်းကိုလည်း ပို့ချခဲ့ပါသည်။ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးဌာနခွဲတို့နှင့်အတူ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများတွင်လည်း ပါဝင်ခဲ့သည်။